Sunday, August 1, 2010

Flexible Thoughts 01

လူဆိုတာ Flexible ဖြစ်ရမယ် ... ပြောင်းလွယ် ပြင်လွယ် ကွေးလွယ် ဆန့် လွယ် ရှိရမယ်

ဘယ်အရာမှ လုံးဝ အမှန်ဆိုတာ မရှိသလို လုံးဝ အမှားဆိုတာလည်း မရှိဘူး

ဒါကြောင့် တစ်ယူတန်ဝါဒ ကို မစွဲသင့်ဘူး အယူတွေ အစွန်းမရောက်သင့်ဘူး

မြတ်စွာဘုရား ဟောကြားထားတာက မဇ္ဈိမပဋိပဒါ

အလယ်အလတ်  လမ်းစဉ် ကျင့်သုံးခြင်းသည် အကောင်းဆုံးဖြစ်သည်

ကောင်းတဲ့အရာ ကိုယူပြီး မကောင်းတာ ကိုပယ်ခြင်းဖြင့် အကောင်းကို ဦးတည်နေရမယ်

လူကပြောင်းလဲမှာဘဲ - ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်း ဖြစ်ရမယ်

မြတ်စွာဘုရား ဟောကြားထားတာ က


ကိုယ့်ဥာဏ် နဲ့ စဉ်းစား ဆင်ခြင်ပြီးမှ ယုံ

ကျနော် တစ္ဆေ သရဲ ၊ ရှေးဘဝ ၊ နောက်ဘဝ တွေ မယုံကြည်သေးပါ

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ကိုလည်း မယုံကြည်ပါ

ကောင်းတာဖြစ်ချင်လို့ ကောင်းတာ လုပ်နေခြင်း မဟုတ်ပါ

ဒါကြောင့် ကောင်းတာ လုပ်ပြီး မကောင်းတာ ဖြစ်လာရင်

ကျနော် ခံနိုင်ရည် ရှိပါတယ်

လူတော်တော်များများက ကောင်းတာလုပ်ကြပြီဆိုရင် 

ပြောလို့ မပြီးတော့ဘူး လုပ်ခဲ့တဲ့အရာတွေ

ဖော်လို့ မပြီးတော့ဘူး ဂုဏ်တွေ

အကျိုး ကိုလည်း မျှော်ကိုးစိတ်နဲ့ 

မကောင်းဘူးလို့ မပြောပါဘူး ကောင်းတဲ့အလုပ်ဘဲကို

ဒါပေမယ့် အဲလိုလူမျိုးတွေဟာ ကောင်းတာလုပ်ပြီး မကောင်းတာဖြစ်နေပါက

မကောင်းတာလုပ်ပြီး ကောင်းစားနေသူကို အားကျကာ ပျက်ဆီးနိုင်ပါတယ်

By Amaeteur®

No comments:

Post a Comment