Saturday, July 31, 2010

အင်တာနက်လောက စလှမ်းချိန်က

အင်တာနက် စသုံးဖြစ်တာက ကိုးတန်း ဆယ်တန်း လောက်တုန်းက

ဘာမှ ရေရေလည်လည် မသိသေး မတတ်သေး

Email တွေ ဘာတွေလည်း မရှိသေး 

အဲတုန်းက Chating တွေ တော်တော်ခေတ်စားတယ်ဗျ

Gtalk နဲ့ Chat တာလည်း မဟုတ်ဘူး mIRC chatroom site ပေါ်တက် Chat တာ

ကျနော်လည်း chatroom ထဲ ဝင်ပြီး chat ကြည့်တာပေါ့
စနေသား မဟုတ်ပေမယ့် Saturn ဆိုတဲ့ နာမည်လေး ကြိုက်လို့ 

အဲ့ နာမည်လေးနဲ့ Chat ဖြစ်တယ် Burglish/English နဲ့ ချက်ရတာ

မြန်မာစာ မပေါ်သေးဘူး ... စ Chat တုန်းက

asl တောင် မသိဘူးဗျ နောက်မှ ဘာလဲမေးတော့မှ 

asl = age,sex,location ရဲ့ အတိုကောက်တွေ ဆိုတာ သိခဲ့ရတယ်

စရိုက်တုန်းက English နောက်ကျတော့ Burglish/English တွေနဲ့ ဖြစ်လာတယ်

Chat ရတာ ဘာလဲဆိုတာ သိလာပြီး အကြိုက်မတွေ့ လှဘူး
Chat ရ QQ ရ လိမ်ရခြင်းတွေ မကြိုက်လို့ ဘဲ တော်ပါသေးတယ်

Website တွေ ကြည့်ပြီး သင့်က ဘယ်နှယ်ယောက်မြောက် visitor ဆိုပြီးပေါ်လာပါရော

Form တွေဖြည့်ပြီး ဒေါ်လာ ဘယ်လောက်ရမှာ ဆိုပြီး ပျော်ခဲ့ဖူးပါတယ်

စမ်းလို့ ရတဲ့ အရာဆို အကုန် စမ်းကြည့်သင့်တယ်လို့ မြင်တယ်

ဘယ်အရာမဆို ကောင်းကျိုး နဲ့ ဆိုးကျိုး ရှိမှာဘဲ

ကောင်းတယ်ထင်ရင် ဆက်လုပ် မကောင်းဘူး ထင်ရင်ရပ်

Chat တာ မကောင်းဘူး ထင်လို့ နောက်ဆုံး ရပ်ခဲ့ပါတယ်









No comments:

Post a Comment