Wednesday, August 18, 2010

The Worthiest Sacrifice


 အ ထိုက် တန် ဆုံး ပေး ဆပ် မှု 

ရွေးချယ်ရခက် ဆုံးဖြတ်ရခက် သော အခြေအနေတို့ ကြုံတွေ့ နိုင်မှု
လူ အများ အတွက် အချစ်ဆုံးသား ကိုပင် စွန့် လွှတ်ခဲ့သော မွန်မြတ်သော ပေးဆပ်မှု
သား အတွက် ခံစားရသော ဖခင် ၏ ဝမ်းနည်းကြေကွဲမှု
( ဗီဒီယို ပြကွက်မှ )

************************************************
အများအတွက် ပေးဆပ်သူတွေက ပေးဆပ်သွားကြပြီ
အချို့ သူက မြင်လိုက်ကြသည် ...ခံစားကြရသည်
( ရထားပြတင်းပေါက်မှ ကောင်မလေး မြင်လိုက်ပုံ )
အများစုကတော့ ကိုယ်ဘာသာ အမှုမဲ့ အမှတ်မဲ့ ဘဲ

ပေးဆပ်သူက ကျန်ခဲ့သူတွေရဲ့ အနာဂတ်တွေကို အဆုံးမသတ်စေချင်လို့ 
ဘဝနဲ့ ရင်းပြီး ပေးဆပ်ခဲ့တာ
ပေးဆပ်မှုကို ဂုဏ်ပြုသင့်ပေမယ့် သူ့ အတွက်
အထိုက်တန်ဆုံး ပေးဆပ်မှု ဖြစ်အောင်
အသက်ကျန်ရှိသူတွေက အနာဂတ်တွေလှအောင် ဖန်တီးပေးနိုင်ရမည်
အားလုံးက ဆန်ကုန်မြေလေး တွေဆိုရင်တော့
ပေးဆပ်သူ အတွက်ဖို့  .................

****************************************
ဗီဒီယို ပြကွက် ဟာကွက်တွေ

ရထားလာတာ တွေ့ တာနဲ့ ... ခလုတ်တန်း မဆွဲချဘဲ ... ဘာကြောင့် သားကို အရင်ရှာရသလဲ ...
 တကယ်ဆို တန်းပြီး ဆွဲချ လိုက်မှာဘဲ ... မဟုတ်ဘူးလား ... အော်သံကြားလို့ ဆို ဟုတ်သေးတယ်
ရထား တံတား ပေါ် စတက် ကတည်းက ... ခလုတ်ဆွဲ မချသေးတဲ့ အပြင် ...
၃၀ စက္ကန့် လောက် စဉ်းစားနေသေးတယ် ... ရထားလာတာ အရှိန်  မသေးသလို ...
တံတားလမ်း အောက်ဆင်းတာလည်း မမြန်ပါဘူး ... ဒါပေမယ့် နောက်ဆုံးတော့ ...
အောက်မှာ သား က ညှပ်သေသွားတာလား ... စက်တွေ ပြတော့ နေရာလွတ်တွေ ရှိပါတယ် ...
အဖေဖြစ်သူ အောက်ကို ဆင်းလာတော့ ... သား ဖြစ်သူ တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ရင်တောင် ...
တွင်းထဲကို အရင် သွားကြည့်သင့်တယ် ... မီးရထားကို ကြည့်ပြီး ခံစားချက်တွေ ...
ထုတ်ပြနေလိုက်တာ ... နောက်မှာကျတော့ "... or Crush by the bridge" စာသားသုံးထားတာ ...
သားကို ထမ်းတဲ့ပြကွက်မှာ ... အကောင်းကြီး ... ပြီးတော့ သွေးလို့ ထင်စရာ အနီကလည်း မတွေ့  ...

Avator ကားလို တကယ် မဖြစ်သေး/မဖြစ်နိုင် တာကို ယုတ္တိရှိအောင် ရိုက်ရင် ကြည့်ကောင်းတယ်
ဖြစ်နိုင်တာ ကိုတော့ ယုတ္တိ ရှိအောင်တော့ ရိုက်သင့်တယ်
True Story ရုပ်ရှင်ကား တွေတော့ ကြိုက်တယ်ဗျာ ... ရိုက်တာ ကောင်းကောင်း မကောင်းကောင်း

ဟာကွက် ကို အရင် ရှေ့ တင်လိုက်ရင် ... ခံစား ရတာ မကောင်းတော့ဘူး ...
နောက်မှာ ထားတော့လည်း ... ဇာတ်သိမ်း မကောင်းပြန်ဘူး ...
ခံစားစေချင်လို့ ... နောက်မှာဘဲ ထားတော့တယ်ဗျာ ...

By Amaeteur®

1 comment:

  1. သေချာပြန်ကြည့်ရဦးမယ်....
    ဒီလို အသေးစိတ်လေးတွေ ချပြနိုင်တာ ချီးကျူးမိပါတယ်။

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

    ReplyDelete