Tuesday, August 24, 2010

ဘဝ

ဘဝ

အောက်ကပုံတွေက Gmail ထဲက ပြန်ရှာ ဆွဲထုတ်လာတာ 
From Forward Mail

 
 
 

ကံအဆိုးဆုံးလူ လို့  ကိုယ်ကိုကိုယ် ထင်နေတယ် ... မဟုတ်မှန်းလည်း သိတယ် ...
ဒါပေမယ့် ခံစားရတယ်ဗျာ ... ဘာပဲဖြစ်ဖြစ် ... ကိုယ်ကိုကိုယ် ပြန်ဖြေသိမ့်နေရတယ် ...

ကိုယ်ကိုကိုယ် သတ်သေလိုက်တာနဲ့  ... ကိစ္စတွေ ပြီးသွားတယ်များ မှတ်နေသလား မသိဘူး ...
ဦးလေး သူငယ်ချင်းရဲ့ ဘာတော်လည်း မသိပါဘူး ... ပြောတာကတော့ ... ပါရာစီတမော နှင့် ဘာမီတွန် အလုံးရေ အများကြီး သောက်ပြီး သေကြောင်းကြံတယ်တဲ့ ... အခု ဆေးရုံမှာ ... သတိမေ့နေတယ် ...

သေသေ မသေသေ ... ဒါ ကိုယ့် မိသားစု ကို ဒုက္ခပေးတာဘဲ ...
သေသွားတော့ ... မိသားစု က ဝမ်းနည်းရမယ် ... အလုပ်ပျက် အကိုင်ပျက် ... အသုဘ စရိတ်တွေ ကုန်အုံးမယ် ...
မသေတော့လည်း ... ဆေးရုံရောက် ... ပိုက်ဆံကုန် ... လူနာစောင့်ဖို့ လူကလို ... အိပ်ရေးပျက် အချိန်ကုန် စောင့်ပေးရ ...
မသေရင် သွားတော့ အပြစ်မတင်နဲ့ နော် ... အားပေးစကား က သူ့ အတွက် အရေးကြီး ပြန်ရော ...


Facebook မှာ 1pm 23.08.10 ရက်နေ့ က စိတ်ရှုပ်လို့  ခပ်ပြောင်ပြောင် ရေးထားတာ

အခြားသူကို ပျော်အောင်လုပ်ပေးချင်ပေမယ့် ကိုယ်ကလည်း ပျော်အောင် လုပ်ယူနေရသူမို့ 

00:25am 24th August 2010 (Tue)
By Amaeteur®

No comments:

Post a Comment