Wednesday, August 18, 2010
Tattoo
ဘာဖြစ်မှန်းကို မသိဘူး ... တက်တူး Tattoo တစ်ခုလောက်တော့ ... ထိုးချင်တယ် ...
အပေါ်ကပုံ လောက် အများကြီးတော့ ... မထိုးချင်ပါဘူး ... မလှရင်နေ ... 
နာမှာဆိုးလို့  ... ကိုယ်ကိုကိုယ် သိပ်ချစ်တတ်တယ် ကျနော်က :P
အပေါ်က နှစ်ပုံ နဲ့  အောက်က တစ်ပုံ ... သုံးပုံလုံး .. Creative ဖြစ်တယ်နော် ...
အပေါ်ကပုံ ကို ကြည့်ပြီး ပြောချင်တာက လူတွေ ဆန်းချင်တာကို ...
ကဲ့ရဲ့တာ မဟုတ်ဘူးနော် ... သိဖူး မြင်ဖူး တာကို ပြောတာ ...
အင်္ဂလိပ်တွေက တရုတ်လို တက်တူး ထိုးတယ် ...
တရုတ်တွေက အင်္ဂလိပ်လို တက်တူး ထိုးတယ် ...
မြန်မာတွေကတော့ ... ထိုးရင် အင်းကွက် ထိုးတာ များသလားလို့ ...
ဂျပန်မှာက တချို့ ယာကူဇာတွေဆို ခန္ဓာကိုယ် အပြည့် ...
တက်တူး ထိုးတာ မနာဘူး ဆိုရင် ... ဒီ ပုံမျိုးဘဲ တက်တူး ထိုး လိုက် တော့ မယ် ...
ထိုးဖြစ်ရင် စိတ်ကူးထားတာက အရွယ်အစား သေးရမယ် တစ်ခု သို့  နှစ်ခု ... ဒါဘဲ ...
ကျိန်းသေ ထိုးမယ်လို့  ... မပြောဘူးနော် ...
သတိ - Tattoo ထိုးတာ သတ်ပုံမှားသွားတဲ့ ပုံတွေ မြင်ဖူးတယ် ...
သတိ - အမြင် နဲ့ လက်တွေ့ လွဲနေတဲ့ ပုံတွေ ကြည့်ဖူးတယ် ...
အဲတုန်းကတော့ ... ရယ်လိုက်ရတာ ... ပြန်တွေ့ ရင် ... ပြန်ကူးပေးမယ် ဒီနေရာမှာ :P
သတိ - တစ်ခါသုံး အပ် မသုံးပါက သွေးက ကူးစက်နိုင်သော ရောဂါပိုးများ ကူးဆက်နိုင်ပါသည် 
အန္တရာယ် ကို ကြိုတင် သိရှိ ကာကွယ် နိုင်ပါစေ 
ပြန်ဖျက်ချင်လည်း ရတယ်ဗျာ ... မြင်ဖူးတယ် ... အမှိုက်စုပ်စက် နဲ့ စုပ်သလိုဘဲ
ဒါလည်း ... ပြန်တွေ့ လျှင် ... ပြန်ပြင် ထည့်သွင်းပေးသွားမည်
http://blog.kopeter.com/ ဘလော့က ရတဲ့ ပုံလေးလိုဘဲ
နေလောင် ခံလိုက်ရင်ဘဲ ကောင်းမလား ???
တက်တူး ဘဲ ထိုး မလား ??
လုပ်ဖြစ်မယ် ဆိုရင်တော့ ... မလုပ်ခင်လေး သေသေချာချာ စဉ်းစားလိုက်ပါအုံး
By Amaeteur®
No comments:
Post a Comment