Wednesday, August 11, 2010

လက်ဆောင်

ကောင်လေး အတောင်ပံပေါက်ပြီး
မိဘရင်ခွင်အရိပ်အောက်က
စတင်ရုန်းထွက်ဖို့ ကြိုးစားနေပါပြီ

ကောင်လေး အပျံတတ်ပြီး
အစာရှာတတ်တဲ့ တစ်နေ့ 
ကောင်မလေးကို
လက်ဆောင်အကောင်းစား လို့ 
မပြောနိုင်ရင်တောင်
အပေါစားတော့ မဟုတ်တဲ့
လက်ဆောင်ပေးပါရစေ

11:30pm , 4th June 2010 (Fri)
By Amaeteur®
***********************************************
မင်းကို ငါ ပြောချင်ပေမယ့်
ပြောဖို့ အခြေအနေ
ငါမှာ မရှိသေးသရွေ့ 
ရင်ထဲက စကားတွေ
ရင်ထဲဘဲ ပြန်မျိုချမိနေမှာဘဲ
အပျံတတ်ပြီး
အစာရှာမတတ်တဲ့ငှက်လို
အခုထိ ငါဟာ
အပေါစားဘဲဖြစ်နေတော့
ဘာမှ ပြောစရာစကားလုံး မရှိဘူး
ဖြေရှင်းချက် ထုတ်စရာလည်း မလိုဘူး
မင်းမသိတဲ့နေရာမှာ
မင်းကိုစောင့်ကြည့်ရင်း
တိတ်တိတ်ကလေး နဲ့ 
ငါ မင်းအတွက် ရှိနေမှာပါ

1:40am , 11th August 2010 (Wed)
By Amaeteur®

No comments:

Post a Comment