Wednesday, August 11, 2010

Note 01

(01) စာပေနိုဘယ်လ်ဆုရ အမေရိကန်စာရေးဆရာ Ernest Miller Hemingway ဟာ လက်ဝှေ့သမား၊ မုဆိုး၊ တံငါသည်နဲ့ သတင်းထောက် လုပ်ခဲ့ဖူးတယ်။ လက်ဝှေ့သင်စမှာ သွေးထွက်သံယို အထိုးအကြိတ်ပေါင်းများစွာကို သူခံခဲ့ရတယ်။ စစ်မြေပြင်မှာ ဗုံးဒဏ်ကြောင့် သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ပေါင်း (၂ဝဝ) ကျော်ရှိခဲ့တဲ့အပြင် ဒူးခေါင်းမှာလည်း စတီးရိုးတပ်ဆင်ခဲ့ရတယ်။

(၄) လကြာမျှ သူပင်ပင်ပန်းပန်းရေးခဲ့တဲ့ စာမူကို “ပယ်” ဆိုတဲ့ စကားလုံးနဲ့ လဲခဲ့ရတယ်။ ဒါပေမယ့် Hemingway က စကားတစ်ခွန်းပြောခဲ့ပါတယ်။

“လဲကျတဲ့နေရာမှာပဲ လှဲမနေဖို့၊ 
အမြဲတမ်း အသင့်အနေအထားမှာရှိဖို့၊ 
နွားသိုးတစ်ကောင်လို အရှိန်ပြင်းပြင်းနဲ့ 
အမြန်ထိုးတက်ဖို့ လက်ဝှေ့ပညာက 
ကျွန်တော်ကိုသင်ခဲ့ပါတယ်”

ဒီလိုကြံ့ခိုင်တဲ့စိတ်ဓာတ်၊ အကျင့်စရိုက်ကြောင့် “အဘိုးအိုနဲ့ပင်လယ်” ဆိုတဲ့ ကမ္ဘာကျော် နာမည်ရစာအုပ်တစ်အုပ်ကို သူရေးနိုင်ခဲ့တာဖြစ်တယ်။

(02) ဓာတုပညာရှင်တစ်ဦးက အခုလိုပြောခဲ့ပါတယ်။

“သိပ္ပံပညာရပ်ရဲ့ အောင်မြင်မှုက အပျင်းကြီးတဲ့ နတ်သမီးတစ်ပါးနဲ့တူတယ်။ 
သင်တစ်ချက်ပဲ ခေါက်တဲ့တံခါးကို အပျင်းကြီးပြီး သူလာမဖွင့်ပေးဘူး။ 
အဆက်အပြတ်ခေါက်ပေးမှ မဖြစ်မနေ တံခါးကို သူဖွင့်ရတော့တယ်”

(03)
“မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့! ” 

ဆိုတဲ့စကားက ရိုးကောင်းရိုးနေလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားထဲမှာ လူတွေရဲ့မြင့်မြတ်တဲ့ အသိဥာဏ်နဲ့ အတွေ့အကြုံတွေပါနေခဲ့တယ်။ နာကျင်ခြင်း၊ ကံမကောင်းခြင်းစတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေ ပြည့်ဝတဲ့၊ ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်ကို လက်လွှတ်သွားနိုင်တယ်။ ဒါကြောင့် အတိတ်မှာပဲ ရှင်သန်မနေသင့်ဘဲ လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့အနာဂတ်သာလျှင် အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။

(04) နိုင်းနိုင်းစနေ ၏ လက်လွတ်ခြင်း အတတ်ပညာ မှ စာအပိုင်းအစ

လက်လွတ်သင့်တဲ့အရာကို ကျွန်တော်တို့ လက်လွတ်တတ်ကြရမယ်။ လက်လွတ်ခြင်းဆိုတာ စွန့်ပစ်ခြင်းကိုပြောတာ မဟုတ်ဘူး။ စိတ်ရှုပ်ပြီး အကုန်စွန့်လွတ်လိုက်တာမျိုး မဟုတ်ဘူး။ ရွေးချယ်ခွင့်နှစ်ခုမှာ တစ်ခုကို လက်လွတ်လိုက်တာဖြစ်တယ်။ လက်ထဲဆုတ်ကိုင်ထားတဲ့ အစာကို မလွတ်ချင်တဲ့မျောက်ဟာ နောက်ဆုံးမှာ အဖမ်းခံခဲ့ရတယ်။ လက်မလွတ်ဘဲ အရာတိုင်းကို ဆုတ်ကိုင်ထားချင်ရင် တခြားဒီထက်ပိုကောင်းတဲ့အရာတွေကို လေ့လာသင်ယူဖို့ ကျွန်တော်တို့မှာ အချိန်ရော အင်အားပါ နည်းသွားတတ်တယ်။

"လက်လွတ်နိုင်တယ်" ဆိုတာ အရင်ဆုံး "လက်လွတ်"မှ "အောင်နိုင်ခြင်း" ကိုရတာဖြစ်တယ်။ လူတိုင်းမှာ လက်နှစ်ဘက်ပဲရှိတာကြောင့် ကိုယ်လိုချင်တဲ့အရာတိုင်းကို မြဲမြဲဆုတ်ကိုင်ထားနိုင်မှာ မဟုတ်ဘူး။ စမ်းပြီး လက်လွတ်ကြည့်ပါ။ လက်လွတ်တာများလေ ပြန်ရတာများလေဆိုတာကို သတိထားမိပါလိမ့်မယ်။ လက်မလွတ်တတ်ရင် အရာဟောင်းကိုပဲ ဆုတ်ကိုင်ထားပြီး နေရာမှာတင် သင်ရပ်ကျန်ရစ်နေလိမ့်မယ်။

ဘဝရဲ့ ပူပင်သောက၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ညစ်စရာတွေကို လက်လွတ်ကြည့်ပါ။ 
အရောင်စုံပြီး လှပတဲ့ဘဝကို သင်မသိမသာ ခံစားမိပါလိမ့်မယ်။

(05) July Dream ဘလော့ မှ ဓာတ်ပုံ စာသားလေး

Don't walk in front of me ,
I may not follow .
Don't walk behind me ,
I may not lead .
Walk beside me and
Be my friend .
(Albert Camus)

By Amaeteur®

###  Link မချိတ်ထားသော စာသားများ သည် Forward Mail ကဲ့သို့ နေရာမှ စာသားအပိုင်းအစ များဖြစ်သည်  ###
### ဒီလိုမျိုး စာတို အပိုင်းအစ မှတ်စုတိုများကို Label: Note တစ်ခုတည်းသာ ထားပြီး ပြုလုပ်သွားပါမည် ###
### ကျနော် ပြောချင်သည့်အရာများရှိခဲ့ပါက ကျနော်ရေးသော စာအောက်တွင် မျဉ်းသားထားပါမည် ###

No comments:

Post a Comment