Thursday, August 26, 2010

ဘယ် ဘဝ က ဝဋ်ကြွေးလဲ

ဘယ် ဘ ဝ က ဝဋ် ကြွေး လဲ

ဘ ဝ လမ်း တစ် ကွေ့ ဝယ်
ဘယ် လမ်း က သွား လို့ 
ဘယ် ကို ရောက် မ လဲ မ သိ
ဘယ် လမ်း ကို ရွေး လို့ 
ဘယ် လို သွား ရ မ လဲ မ သိ
ဘ ဝ က လှည့် စား တော့
ဘ ဝ လမ်း ပျောက် ရ ပြီ
ဘယ် ဘ ဝ က ဝဋ် ကြွေး လဲ
ဘ ဝ က တို တို လေး
ဘ ဝ ကို ငါ့ အ ကြိုက် က မယ်
ဘယ် ဆို ညာ ညာ ဆို ဘယ်
ဘယ် တော့ မှ မ ဖြစ် စေ ရ ဘူး
ဘ ဝ လမ်း ခ ရီး ကြမ်း လည်း
ဘ ဝ အ ဆုံး မ သတ် သ ရွေ့ 
ဘယ် တော့ မှ အ ရှုံး မ ပေး ဘဲ
ဘ ဝ ဆို တာ ကြီး နဲ့ 
ဘ တစ် ပြန် ကျား တစ် ပြန်
ဘ သား ပီ ပီ နင် လာ ဟဲ့
ဘ ဝ ဆို ပြီး နွှဲ လိုက် အုံး မည်

4:20am 26th August 2010 (Thu)
Amaeteur®

p.s
လမ်းတွေဘဲ များလို့ ရွေးရခက်နေသလို ... လမ်းဘဲပျောက်နေသလို ... ခံစားနေရသောစိတ်
ကိုယ်ကြိုက်တဲ့လမ်းလည်း ... အောင်မြင်မြင် မအောင်မြင်မြင် ... လျှောက်ချင်နေသောစိတ်
ဘဝ ရဲ့ လှည့်ကွက်တွေကို ... စိတ်ပျက်ပြီး ... ဘဝကို ... ရန်ရှာလိုသောစိတ်
တွေနှင့် အခြား ကျနော့် မသိစိတ်များ ကို "ဘ" စာလုံးအစတွေနဲ့ ချည်း ... ရေးဖြစ်သွားသည်

1 comment:

  1. ဒါလား ဘဝ ?
    ဘ နဲ့ ဝ တဲ့
    ဘဝက တစ်ခါတစ်ရံ လဒလိုတောင် ခုန်ဆွ ခုန်ဆွ မပျံနိုင်ပါတကား။

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

    ReplyDelete