Monday, August 9, 2010

မျက် နှာ ဖုံး

တခါတရံ ရက်စက်တရ် ဆိုတာ သူတစ်ပါး ကောင်းဖို့ အတွက်ပါ

ဆိုပြီး ငါ့ကို နည်းလမ်းစုံနဲ့ ရက်စက်လည်း


ငါ့ ဘဝ ကုန်ရင်တာ ကုန်သွားမယ်

မင်းကို ချစ်တဲ့ ငါ့စိတ်က အမုန်းတော့ မဖြစ်သွားဘူး

ငါ့ ဘဝ ဆုံးရင် ဆုံးသွားမယ်

မင်းကို ချစ်တဲ့ ငါ့စိတ်ကတော့ မဆုံးသွားဘူး

အဲ့ဒီအယူအဆကို ဆုပ်ကိုင်ပြီး

ငါ့ကို ထပ်ဒုက္ခ မပေးပါနဲ့ ကွာ

အခြေအနေတွေ မဆိုးသွားအောင်

သူငယ်ချင်းလေး လိုဘဲ နေနေတာတောင်

မင်းက အခြားသူတွေထက် ငါ့ကို သူစိမ်းဆန်လည်း

ငါ့ ခြေလှမ်းအားလုံးက မင်းဆီ လျှောက်နေဆဲ

အကြည့်တစ်ချက် တွေနဲ့ ဖမ်းစားခဲ့ပြီးပြီ

မျက်နှာလွှဲတဲ့ပုံစံတွေနဲ့ ငါ့ကို ရူးအောင်လို့ မလုပ်ပါနဲ့ 

အချစ်ရူး ကတော့ ဖြစ်နေပြီ

စောက်ရူးတော့ မဖြစ်ချင်ဘူး

အခုတော့ တစ်ယောက်တည်း

အခန်းထောင့်လေးမှာ

အပြင်ထွက်ပြီး မိုးရာသီ မှာ

ထီးမပါဘဲ လမ်းလျှောက်ချင်ရဲ့

မျက်နှာဖုံးလေးနဲ့ တော့

ပြုံးနိုင်ပါသေးတရ်

1:20am , 9 July 2010 (Fri)
By Amaeteur®




No comments:

Post a Comment