Thursday, August 12, 2010

အ လင်း ရောင်


t
အ လင်း ရောင်

ဟိုး အ ရင် က …..

ငါ့ အ ဖြစ် က

ည နေ ခင်း လို

ဘ ဝ ဆို တဲ့ လ မင်း

အ ကြိုက် က ပြ ခဲ့ သူ ။

လ သာ တဲ့ နေ့ မှ

ဘ ဝ လှ နိုင် ခဲ့ သူ ။

လ မိုက် ည ဆို

ကြယ် တွေ ရဲ့ အ လင်း နဲ့ 

ရှေ့ ဆက် ခဲ့ ရ သူ ပေါ့ ။ ။




အ ခု တော့ …..

မင်း ရဲ့ ပိုး စုန်း ကြူး လို

မှိတ် တ ချက် လင်း တ ချက်

အ လင်း တွေ ဟာ

ငါ အ တွက် တော့

အ သူ ရာ နေ မင်း ပေး တဲ့

အ လင်း ထက် သာ ခဲ့ ပါ တရ် ။

မင်း ရဲ့ အ လင်း ကြောင့်

မင်း ထက် လှ တဲ့ လက် တဲ့ 

အ လင်း တွေ ကို လည်း

မ မြင် နိုင် တဲ့ အ ထိ

ကန်း သွား ခဲ့ ပါ ပြီ ။ ။




ချစ် တဲ့ သူ ရေ …..

လ ကွယ် ကွယ်

နေ ညို ညို

ငါ ဂ ရု မ စိုက် ဘူး

ကျော် ဖြတ် ဖို့ အား အ ဖြစ်

မင်း ပေး တဲ့ အ လင်း ဘဲ

အ လို ရှိ ခဲ့ တာ ပါ ။

ဖြစ် နိုင် ရင်

ငါ့ ဘ ဝ ကောင်း ကင် ကို

၂၄ နာ ရီ မီး လေး

နေ့ တိုင်း ထွန်း လင်း ပေး လှည့် ပါ ။ ။


10:30am 7th March, 2010 (Sun) By Amaeteur®


  ခက်ဆစ်အနက် 

  ကောင်းကင်                        - ကောင်မလေး ကို ချစ်နေသူ

  ပိုးစုန်းကြူး / ၂၄နာရီမီးလေး    - ကောင်လေး က ချစ်နေသူ

  လမင်း                               - ဘဝ ကံကြမ္မာ

  ကြယ်တွေ                           - သူငယ်ချင်း မိတ်ဆွေတွေ

  အသူရာနေမင်း                    - မိဘ

  လကွယ်ကွယ်                      - ကံကြမ္မာတွေ ဆိုးလည်း

  နေညိုညို                           - မိဘတွေပိတ်ပင်လည်း 

No comments:

Post a Comment