Thursday, August 12, 2010

တက္ကသိုလ် က ဇာတ်လမ်း တစ်ပုဒ်

 Forward Mail မှ ဖတ်ပြီး အရမ်း ခံစား ရလွန်းလို့  SHARE ပေးလိုက်ပါတယ်
**********************************************************

မောင် ... အဲဒီနေ့က ကျမဘဝအတွက် အပျော်ဆုံးနေ့လေးပေါ့ ... ကျမ အချုစ်ကို ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့ ... မှတ်မိ ပါသေးတယ် ... စိုင်းစိုင်းသီချင်း ထဲကလို အဲဒီနေ့က မိုးမရွာဘူး ... သူ ... ကျမတို့ ကျောင်းကို စပြောင်းလာတဲ့ နေ့လေးပေါ့ ... အဲဒီနေ့က သူအကျီင်္ အဖြူလေးကို ဝတ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက သန့်သန့် ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့ ... ကျမနဲ့က မေဂျာပါ တူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ် ... ကျမလေ ဆ၇ာတွေ စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုး ချစ်လာရသူပါ ... သူကတော့ ကျမကိုရှိတယ် လို့တောင်မထင်ဘူး ... ကျမကိုမှ မဟုတ်ပါဘူး ... ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ ... ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ ... သူ့ကိုလေ ... တခြားမေဂျာက ကောင်မလေး တွေကတောင် လာလာကြောင် ကြသေးတယ် ... မြွေမြွေချင်း ဆိုတော့ ခြေမြင်တာပေါ့ ... သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့ အချစ်ကို လိုချင်နေကြတာလေ ... ကျမ မသိဘူးများ ထင်နေကြလား ... ကျမလက်ဦးမှ ကိုဖြစ်မှာပေါ့ ... ကျမဘယ်လိုလုပ်ရမလဲ ... အင်း ... ရေလာမြောင်း ပေးရမှာပေါ့ ... မိန်းကလေးတန်မဲ့ သူ့ကို ရေလာမြောင်း ပေးလုပ်မိပါတယ် ... နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့် ... ဒါကျမ နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ် လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး ... ဒီလိုနဲ့ စာသင်နှစ် တစ်နှစ် ကုန်ခါနီးတော့မယ် ... အခြေအနေက တိုးတက်လာမှုကို မရှိဘူး ... ကျမချစ်ရတဲ့ မောင်ရေ ... မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား ... မောင် ... မိန်းကလေး ဘဝကိုရော အားမနာတော့ဘူးလား ... မောင့်ကို ချစ်တယ် မောင်ရယ် ... ဘာပဲဖြစ်ဖြစ် မောင်ရယ် ... မောင့်ရဲ့ အချစ်ကို ကျမ ရမှ ဖြစ်လိမ့်မယ် ... ဒီနေ့ ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ ... ဒီနေ့ကျောင်းတက်ပြီးသွားရင် နောက်ရက်တွေ စာမေးပွဲဖြေ ... နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို တွေ့နိုင်ဖို့ အတွက် မောင့်အချစ်ကို ကျမ ရမှ ဖြစ်တော့မယ် ... မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့ မိန်းကလေး တန်မယ့် လာပြောတော့မယ် ... မောင်ရေ ... ရည်မှန်းချက်ကို အကောင်အထည် ဖေါ်ဖို့ ... မောင် ... လာတတ်တဲ့ လမ်းကလေး ကနေ မောင့်ကို ကျမ စောင့်နေလိုက်တယ် ... ဒီနေ့မှ မောင်ရယ် ... နောက်ကျလိုက်တာ ... လာပါတော့ ... ဟော ... ဟိုမှာ ... မောင်လာနေပြီ ... အရင်က မောင်လာရင် ဘေးမှာ အဖေါ်တယောက် ပါနေကြ ... အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ ... မောင်တယောက်တည်း ... မောင်ရေ ... မောင်ကို ချစ်တယ် ... ကျမ ဘယ်လို ဖွင့်ပြောရမှာလဲ ... ကျမ တခုခု ဖြစ်နေဟန် ဆောင်လိုက်တယ် ... "ဟိတ်...တို့ကို တခုကူညီပါလား" ... မောင် ... လှည့်ကြည့်တယ် ... ကျမနှလုံးသားတွေ အရည်တွေ ပျော်ကုန်ပါပြီ ... မောင်ရယ် ... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ လှည့်ထွက် သွားတယ် ... မောင်ရယ် ... ရက်စက်လိုက်တာ ... ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမ ချစ်နေကြောင်း မောင် သိအောင် ဖွင့်ပြောရမယ် ... "မောင်" ... အရဲစွန့်ပြီး ကျမ လှမ်းခေါ် လိုက်တယ် ... မောင်လှည့်ကြည့်တယ် ... ကျမ ... မောင့်ကို အပြုံး တခု လက်ဆောင် ပေးလိုက်တယ် ... မောင် ... ကျမကို ရက်ရက်စက်စက် စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ် ... မောင်ရယ် ... ရက်စက်လိုက်တာ ... မောင် ... လုပ်ရက်တယ် ... မောင် ... မောင် ... ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး ... မောင့် ... စကားသံတွေ ... ကျမ နားထဲက မထွက်တော့ဘူး ... ကျမ အသည်းတွေကို ခွဲသွားတဲ့ မောင်ပြောခဲ့တဲ့ ဒီစကားလေးက ...................
"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"
 ========================================
ဟာသ လို့ ကြိုမပြောထားချင်တာက ဇာတ်လမ်းက အလွမ်းချည်း 
ကြိုမပြောထားမှ နောက်ဆုံး စကားလေး နဲ့ မှ ထိသွားမှာ
ကြိုပြောထားရင် ဒီလောက် ရယ်ရမှာ မဟုတ်ဘူး

 အားလုံး သွားဖြဲ ရယ်နိုင်ကြပါစေ
By Amaeteur®

No comments:

Post a Comment