Thursday, August 12, 2010

Note 02

(01) Word အက္ခရာ

(1) The most selfish one-letter word is  "I" . Avoid it.
တစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ "ငါ" ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ။


(2) The most satisfying two-letter word is "We" . Use it.
နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ "ငါတို့" ပါ။
အဲဒါကို အသုံးပြုပါ။

(3) The most poisonous three-letter word is "Ego" . Kill it.
သုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ "အတ္တ" ပါ။
အဲဒါကို သတ်ပစ်ပါ။

(4) The most used four-letter word is "Love" . Value it.
လေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ "ချစ်ခြင်းမေတ္တာ" ပါ။
အဲဒါကို တန်ဖိုးထားပါ။

(5) The most pleasing five-letter word is "Smile" . Keep it.
ငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ "အပြုံး" ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။

(6) The fastest spreading six-letter word is "Rumour" . Ignore it.
ခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ "ကောလဟာလ" ပါ။
အဲဒါကို လျစ်လျှူရှုပါ တဲ့။

(7) The hardest working seven-letter word is "Success" . Achieve it.
ခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ "အောင်မြင်မှု" ပါ။
အဲဒါကို အရယူပါ တဲ့။

(8) The most troublesome eight-letter word is "Jealousy" . Distance it.
ရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ "မနာလိုဝန်တိုမှု" ပါ။
အဲဒါကို ဝေးဝေးရှောင်ပါတဲ့။

(9) The most powerful nine-letter word is "Knowledge" . Acquire it. ကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့ "အသိပညာဗဟုသုတ" ပါ။
အဲဒါကို ကြိုးစားရယူပါ တဲ့။

(10) The most essential ten-letter word is "Confidence" . Build it.
ဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ "ယုံကြည်မှု" ပါ။
အဲဒါကို တည်ဆောက်ယူပါ တဲ့။

(02)  ကိုဇော် ၏ မိတ်ဆွေ အပေါင်းအသင်း နှင့် ခရီးသွားခြင်း မှ စာအပိုင်းအစ

၁။ မိမိအား ချစ်ခင်သောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိ၏ စိတ်နှလုံးပျော်ရွှင်ငြိမ်းချမ်းအောင် ဆောင်ရွက်သဖြင့် မိမိသည် အထူးပင် ငြိမ်းချမ်းပျော်ရွှင်ကြရသည်။ ထို့ကြောင့် ဘဝမှာ ပျော်ရွှင်သူ ဖြစ်လာသည် ။

၂။ မိမိအား မုန်းတီးနေသောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိ ဘယ်အချိန်မှာ အလစ်အငိုက် ကျဆုံးသွားအောင် ပြုလုပ်လိုက်လေမလဲလို့ စိတ်ထဲမှာ အမြဲပင် သတိထားနေရတယ်။ ထို့ကြောင့် ဘဝမှာ သတိရှိသောသူ ဖြစ်လာလေသည်။

၃။ မိမိအား လျစ်လျူရှူထားသောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိအား အားမပေး ၊ ဂရုမစိုက်ပဲ နေသဖြင့် မိမိမှာ ကူညီမဲ့သူ မရှိပါလားဟု ခံစားရကာ မိမိကိုယ်ကို မိမိ အားကိုးလာရလေသည်။ ထို့ကြောင့် ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးသူ ဖြစ်လာလေသည်။

(03) ကျနော့် သူငယ်ချင်း ကိုယ်တိုင်ရေး မဟုတ်သော်လည်း သူမ ဆီမှ တဆင့်
讀不完的是"書" 
賺不完的是"錢" 
說不清的是"愛情" 
還不清的是"人情". 
搞不清的是 。。。。"自己" :P

ဖတ်လို့ မကုန်တာ စာ
ရှာလို့ မကုန်တာ ငွေ
ပြောလို့ မပြီးတာ အချစ်
ဆပ်လို့ မပြီးတာ မေတ္တာ
ဘာမှန်းမသိတာ ကိုယ့်ကိုကိုယ်


 (04) မနိုင်းနိုင်းစနေ ၏ သင့်အပြော ချိုမြိန်သလား?  

 ရေးထားတာ အားလုံး နီးပါး ကောင်းသဖြင့် အဲ လင့် ကို နှိပ်ပြီး သွားဖတ်လိုက်ပါအုံး
  • အကောင်းဘက် စကား (Positive) တွေ သတိနဲ့ များများပြောပေးရန်
  • မျက်နှာအမူအရာ၊ အသံ (ဥပမာ- ဟင့်၊ အင်း၊ ဟေ့) စတာတွေနဲ့ တခြားလူကို ခိုင်းစေတဲ့လူတွေဟာ မယဉ်ကျေးကြဘူး 
  • မယဉ်ကျေး၊ မသိမ်မွေ့ရင် ကိုယ်ပဲ အမြဲနစ်နာဆုံးရှုံးရတယ်။
  • ကိုယ်အင်္ဂါရုပ်ရည်ကို ဖေဖေတို့ ပြောင်းလဲလို့မရနိုင်ပေမယ့် အဲဒီရုပ်ရည်ပေါ်မှာ အပြုံးတွေတော့ ဖေဖေတို့ ဆင်မြန်းနိုင်ကြပါတယ် သမီး....
(05) DayWalker ၏ ကိုး(ဝါ)နော

ကျွန်တော်တို့ ပြောနေကျစကားဖြစ်တဲ့ “နောကျေနေပြီ...” ဆိုတဲ့ စကားဟာလည်း 
“နော ဧက နော” ကနေ လာတာပါ၊ (နော ဧက နော = ကိုး တစ်လီ ကိုး)
    ကျနော်လည်း ကိုးဂဏန်းသမားဘဲ ၂၇ရက်နေ့ မွေးတာကိုး



    By Amaeteur®

    No comments:

    Post a Comment