Monday, August 9, 2010

ဇာတ်မင်းသားလေး ရဲ့ အဖြစ်

ဇာတ်မင်းသားလေး ရဲ့ အဖြစ်

ဒရမ်မာ ဇာတ်ကားထဲက
ဇာတ်ကွက် တွေ လို
မင်းသမီးကို သံယောဇဉ်တွေ
ဖြစ်အောင် လုပ်ပြီးမှ
ချစ်ခွင့်တောင်းသင့်တာကို
အခုတော့ ကျနော်ကမှားပြီး
ဇာတ်ကွက်ပြောင်းပြန်လုပ်မိတာကတော့
ကျနော် မင်းသား ရဲ့ အမှားပါ
ကံကြမ္မာ ဇာတ်ဆရာကြီးရယ်
မင်းသား ကို သနားရင်
ရှာကြံပြီး ဇာတ်လမ်းလေး ဆက်ပေးပါ
မင်းသမီးနဲ့ နှစ်ပါးသွားလေး ကချင်လို့ 
ပွဲပြီးတဲ့အထိ ကမှာနော်

11:25pm 14 July 2010 Wed
By Amaeteur® 

No comments:

Post a Comment