Thursday, August 5, 2010

မင်း နဲ့ မှ


ဖေဖော်ဝါရီလ ၁၄ ရက်နေ့  ၂၀၁၀ တနင်္ဂနွေနေ့ 

အဲဒီနေ့ ကပေါ့  …

ပထမဆုံး Valentine ဆိုတဲ့ သူတော်စင်ကြီး ကို ဂုဏ်ပြုချင်ပေမယ့် လည်း


မင်းလေးက အဲဒီနေ့ မှာ မင်းရဲ့ အနားမှာ နေခွင့် မပေးလေတော့ 

ငါ တယောက်တည်း မဂုဏ်ပြုတော့ ပါဘူး

ငါက ဂုဏ်ပြုဖို့ ဆို …

"ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှ” ဆိုတဲ့ အစွဲ မရှိပါဘူး

ဒါပေမယ့်  “မင်း နဲ့ မှ” ဆိုတဲ့  အစွဲ ကလေးဘဲ ရှိတာပါ

မင်းနဲ့ သာ ဆိုရင် နေ့ တိုင်းဟာ ရက်ရာဇာ ချည်းပါဘဲ

အခုရက်တွေကတော့  ပြဿဒါး ရက်တွေ မဟုတ်ပေမယ့်

ငါ လိုချင်တာက ရက်ရာဇာနေ့ တွေလေ

ပြဿဒါးနေ့ တွေကို တော့ ငါ မရချင်ဘူး


7 PM , 15 Feb 2010

By Amaeteur® -- With 100% PURE

No comments:

Post a Comment