Friday, August 6, 2010

Review - Serie - Corner with Love

角遇到
Corner with Love 
( 90/100 ) 

ထိုင်ဝမ် အချစ်ကားလေး ပါ ... အတက် က ကောင်း သလို ... အဆင်း ဆိုလည်း ဆိုး ပါတယ် ...



အရှေ့ တိုင်း ကားဆက်တွေမှာ ထိုင်ဝမ် နှင့် ကိုရီးယား ကားဆက်တွေဘဲ ကျနော် အကြည့်များတယ် ...

ဘာလို့ လဲ ဆိုတော့ ... ဇာတ်လမ်းတွေကို အကွက်ကျကျ ... ရယ်ရအောင် ခံစားရအောင် ပြနိုင်တယ် ...

ကြည့်တာများတဲ့သူတွေ ... အချစ်ကြီး တတ်ပါတယ် ...

ကိုယ်လည်း သူတို့ လိုဘဲ Romantic & Lovely Life လေး လိုချင် တတ်ပါတယ် ...

မရခဲ့ရင် ခံစားရတာ များတယ် ... ဒါပေမယ့်လည်း ကျနော်ကတော့ ကြည့်သင့်တယ် လို့ ထင်ပါတယ် ...

ဖြူစင်တဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်တတ်သွားမယ် ... စိတ်ကူးယဉ် ထဲမှာဘဲ မမြောလိုက်နဲ့ ...

တခါတလေ မှ ကြည့် ... အပိုင်းကများလို့ ကြည့်ရတာ ကြာပြီး အချိန်ကုန်တယ် ...

ဒါကြောင့် ကားတိုင်းမကြည့်နဲ့ ... သူများကောင်းတယ် ဆိုတဲ့ကားမှကြည့် ...




  • တယောက် နဲ့ တယောက် တွေ့ ရင် ရန်ဖြစ်လိုက် စကားများလိုက် နဲ့ လည်း သံယောဇဉ် တွေ ဖြစ်လာနိုင်ပါတယ်
  • လိမ်တဲ့ ပထမ စကားတစ်ခွန်း ဟာ နောက် လိမ်တာ အများကြီး ဖြစ်လာတာဖို့ အားပေးပါတယ်
  • စကား အကောင်း မပြောပေမယ့် ရင်ထဲက စကား က ကောင်းနေတတ်ပါတယ်
  • ဖိနပ် ဝတ်တာ လှဖို့ ထက် ... နေလို့  စီးလို့ ကောင်းဖို့  ပိုအရေးကြီး ပါတယ်
ဇာတ်လမ်း ကို ခြုံပြီး ပြောပြချင်ပေမယ့် ရှည်သွားမှာ စိုးလို့  မရှင်းပြတော့ဘူး
နောက် ကားတွေ ကျရင် ကြိုးစားသွားပါ့မယ်

By Amaeteur®

Source : video - asiadog
            photo - wallcoo

1 comment:

  1. i've never known tat u also watch tat kindda movie series (especially taiwanese ones) coz guys usually dun like romantic series...ok...i will watch it when i m free...tell us more if u hav others...

    ReplyDelete