Thursday, August 5, 2010

Did u know 01


Bowling တစ်ပွဲ လျှင် ကစားသမား တစ်ယောက်အနေနဲ့ 
အမှတ် ဘယ်လောက် အများဆုံး ရနိုင်သလဲ ???

v v v
v v v
v v v
v v v
v v v v v
v v v v
v v v
v v
v


မနေ့ (26 April 2010 - Mon) က သူငယ်ချင်းတွေနဲ့  Picnic ထွက်ပြီး ရူခင်းသာမှာ Bowling သွားကစားတုန်းက

သူငယ်ချင်းတွေနဲ့ ပြောတုန်း ... ကိုယ့်အမှတ်တွေ ကြည့်ပြီး ...
အမှတ်ပြည့် ဘယ်လောက်မှာ ရတာသိစေချင်လို့ ...
တီဗီ အစီအစဉ် တခုမှာ ပြောတာမှတ်ထားတာ 300 က အမှတ်ပြည့် ...
ဒါပေမယ့် အမှတ်က ကျနော်လည်း မတွက်တတ် ...

ကျနော်တို့ ယခုဆော့တာက Bowling လို့ ပြောကြပေမယ့် ...
Bowling က အမျိုးအစား အမျိုးမျိုးရှိသေးတရ် ...
နာမည်အပြည့်က Tenpin Bowling ...
အကြီးဆုံး နဲ့ အလေးဆုံး ပစ်ရတဲ့  Bowling အမျိုးအစားပါ ...
Bowling Ball Size ကလည်း အမျိုးမျိုး ရှိပါတယ် ...
ကျနော်ကတော့ Size 8 နှင့် 10 နဲ့ အပစ်များ ပါတရ် ...

မကစားခင် ... မချောအောင် ပြုလုပ်ထားတဲ့ ဖိနပ်ကို ဝတ်ဆင်ရပြီး ...
လက်လေ့ကျင့်ခန်း လုပ်ဖို့ အကြံပေးထားပါတရ် ...
ကိုယ်နဲ့ သင့်တော်တဲ့ အလေးချိန်ရှိတဲ့ Bowling Ball ကိုရွေးချယ်ရပါမယ် ...
လေးမှ တည့်တာမဟုတ်ပါဘူး ... ဒဏ်ဖြစ်နိုင်ပါတရ် ...

စပစ်တဲ့အခါ ... ကိုယ်အလှည့် သူအလှည့် နဲ့ ပစ်ရပါတရ် ...
ကိုယ်အလှည့်က ဆယ်ခါ ရမှာပါ ... အလှည့်ကို Frame 1 to 10 နဲ့ ပြောပါတရ် ...
Frame တွေမှာပစ်တဲ့အခါတွေကိုတော့ Ball 1 , Ball 2 ...
Frame 10 ရဲ့ Ball 2 မှာ ကုန်အောင်ပစ်နိုင်ရင်တော့ Ball 3 ထပ်ပစ်ရပါတရ် ...

Ball 1 တည်းနဲ့  ဆယ်ခုလုံးလဲအောင် ပစ်နိုင်ရင် Strike လို့ ခေါ်တရ် ...
" X " Sign နဲ့ ပြတရ် ...

Ball 1 and 2 နဲ့ မှ ဆယ်ခုလုံးဆိုရင်တော့ Spare တဲ့ ...
" / " Sign နဲ့ ပြတရ် ...

Spare ဆိုရင်တော့ 10 Marks နဲ့ နောက်ထပ် Ball 1 လုံးဘဲ ထပ်ပေါင်းပါတရ် ...
ဥပမာ
Frame 1 -- Ball 1 -- 6
Frame 1 -- Ball 2 -- /
Frame 2 -- Ball 1 -- 5
Frame 2 -- Ball 2 -- 2
ဒါဆိုရင်
Frame 1 score = 10+5 = 15
Frame 2 score = 5+2 = 7
Frame 2 က အပြည့်မထိတော့ နောက် Frame ကအမှတ်ထပ်မရတော့ဘူး ...
ဒါကြောင့် တခါတည်း တွက်လို့ ရတယ် ...
နောက် Frame ကအမှတ်တွေက Strike နဲ့ Spare တွေမှ ထပ်ရနိုင်တာပါ ...


Strike ဆိုရင်တော့ 10 Marks နဲ့  နောက်ထပ် Ball 2 လုံး အမှတ်ထပ်ပေါင်းပါတရ် ...
ဥပမာ
Frame 1 -- Ball 1 -- Strike
Frame 2 -- Ball 1 -- 4
Frame 2 -- Ball 2 -- 3
ဒါဆိုရင် Frame 1 total score က 10+(4+3)=17 ပါ
Frame 2 အတွက်ကတော့ 4+3 = 7 ပါ

နောက်ဥပမာ
Frame 1 -- Ball 1 -- Strike     Frame 1 Score = 10+(10+10)=30
Frame 2 -- Ball 1 -- Strike     Frame 2 Score = 10+(10+7)=27
Frame 3 -- Ball 1 -- Strike     Frame 3 Score = 10+(7+3)=20
Frame 4 -- Ball 1 -- 7
Frame 4 -- Ball 2 -- /            Frame 4 Score = 10+(3)=13
Frame 5 -- Ball 1 -- 3
Frame 5 -- Ball 2 -- 6            Frame 5 Score = 3+6=9

အမှတ်တွက်နည်း ကို သိပြီ ဆိုတော့ တပွဲမှာ အများဆုံးရနိုင်တဲ့ အမှတ်ကို တွက်ပြပါ့မယ်

Frame တခုမှာအများဆုံးရနိုင်တဲ့အမှတ်က 10+(10+10)=30
Frame 9 ခုဆိုတော့ 270
Frame 10 မှာက အများဆုံးတွက်ရမယ်ဆိုရင် သုံးခါ Strike ဆိုတော့ 30
12 ခါ ပစ် -- 12 ခါ Strike ပေါ့
ဒါကြောင့် ---
Maximum Score in tenpin bowling - 300 marks

ပြောဖို့ တောင် မေ့နေတရ် ...
ပစ်လိုက်လို့ တလုံးမှ မထိရင်တော့ 0 pin ( Gutterball ) လို့ ခေါ်ပါတရ် ...
" -- " (dash) Sign နဲ့ ပြပါတရ် ...
ကျနော်တို့ ပစ်လိုက်တိုင်း အဖြစ်အများဆုံး အမှတ်ပေါ့ ...

ကြံကြံဖန်ဖန် ရများရရင် အော်နိုင်အောင်လို့ မှတ်ထားကြပါအုံး !!!

Frame 2 ခါ ဆက်တိုက် Strike ရရင် = Double
Frame 3 ခါ ဆက်တိုက် Strike ရရင် = Triple or Turkey
Frame 4 ခါ ဆက်တိုက် Strike ရရင် = Ham Bone
တစ်ပွဲမှာ Strike 6 ခါ ရရင် = Wild Turkey (ဆက်တိုက်ထိစရာမလိုဘူးနော်)
တစ်ပွဲမှာ Strike 9 ခါ ရရင် = Golden Turkey
တစ်ပွဲလုံး ပစ်သမျှ အားလုံး Strike ဆိုရင်တော့ =
Thanksgiving Turkey ( 300 Marks/12 Strikes in a row)

နားလည်ကြမယ် ထင်ပါတရ် ...
နားမလည်ရင်တော့ ကျနော့် ရှင်းပြချက် အားနည်းလို့ ပါ ...
မသိသေးသူများအတွက်သာ ရည်ရွယ်ပါတရ် ...
သိသောသူများ ရေးသားရာမှာ မှားတဲ့နေရာများရှိရင် ထောက်ပြပေးစေချင်ပါတရ် ...

27 April 2010 (Tue) by Amaeteur®

Multiply က ပို့ စ် အဟောင်းလေး ပါ ...
နည်းနည်း ပြန်ပြင်ထားပါတယ် ...
ပြင်မှတော့ ကောင်းအောင်လို့ ပေါ့ ...

Reference:
http://en.wikipedia.org/wiki/Bowling
http://en.wikipedia.org/wiki/Ten-pin_bowling
http://bowling.about.com/od/rulesofthegame/a/bowlingscoring.htm

No comments:

Post a Comment