Friday, August 6, 2010

ဆေးလိပ် သောက်ပါက

 ဆေးလိပ် သောက်ပါက ~ ~ ~~~~~~~~
(1) ခွေး မကိုက်ဘူး တဲ့
(2) အိမ်ကို သူခိုး ဝင်မခိုးဘူးတဲ့
(3) အသက် ငယ်တယ်တဲ့
 ဘာကြောင့်ပါလဲ  ??? သိပါသလား ???

~~~~~~~~~~~~~~~~~~~~~~~~~~

 သတိ - ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်

အဖြေ စဉ်းစားလို့ ရပြီလား နည်းနည်းတော့လှည့်ပြီး စဉ်းစားမှရမယ်
အဖြေ မပြောခင် ပြောချင်တာက
PSM (Preventive & Social Medicine) ဆရာဦးစိုးလွင် မှစာသင်ရင်း 
ဆေးလိပ်နှင့်ပတ်သက်သမျှ မှတ်မိတာကို အရင်ပြောပြပါမယ်

The Only Benefit of Smoking in Medicine is "To Prevent Alzheimer's disease"
ဆေးပညာအရ ဆေးလိပ်သောက်ခြင်း ၏ တခုတည်းသော ကောင်းကျိုးမှာ
အယ်ဇိုင်းမား ရောဂါ (အသက်ကြီးလျှင် မှတ်ဥာဏ်မေ့တတ်သောရောဂါ)
ကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်

အားမကျပါနဲ့ ... ဖြစ်စေတဲ့ ရောဂါတွေ ချရေးပြရရင် ရေးမလောက်ပါဘူး
စာရင်းအင်းအရ ပုံမှန်လူ နှင့် ဆေးလိပ်သောက်သူ တွေရဲ့ ပျမ်းမျှ သက်တမ်းကို
နှိုင်းယှဉ်ကြည့်ရင် ဆေးလိပ်သောက်သူတွေ အသက်က ငယ်လေ့ရှိပါတယ်
သောက်သူ မသောက်သူ ရဲ့ ပျမ်းမျှအသက် ကို ဆေးလိပ်သောက်နှုန်းတွေနဲ့ 
တွက်ချက်ကြည့်ပါက 
ဆေးလိပ် တစ်လိပ် သောက်တိုင်း အသက် ၅ မိနစ် တိုပါသည်
ဒါတွေဟာ စာရင်းအင်းတွေနဲ့ တွက်ချက်ထားတာ ဖြစ်ပါသည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဖြေ တွေ ကတော့

(1) ဆေးလိပ်သောက်သူတွေဟာ ချောင်းဆိုး သလိပ်ထွေး ခါးကိုင်း ပါတယ် ... အဲ့ဒီတော့ ခွေးက ခဲလုံးနှင့်ပေါက်မည့်ဟန် ရှိသောသူ ကို ရှောင်ပါသည်
(2) အိပ်ရင်လည်း တချက်တချက် ချောင်းဆိုးသဖြင့် ...  ခိုးမည့်သူခိုး က အိမ်ကလူ မအိပ်ပျော်ဘူး ထင်သဖြင့် ခိုးခံရခြင်းမှ ကင်းဝေးပါသည်
(3) စောစောသေသဖြင့် အသက်က ငယ်ငယ်တာ ရှိပါသည်

အဖြေတွေက ဟာသဆန်ဆန်ဆိုတော့ သိပ်တော့ မတိကျပါဘူး ... ခွင့်လွှတ်ပေးပါ

အဒေါ် တစ်ယောက် မှ ကျနော်ကို ရယ်စရာအနေနဲ့ မေးခြင်းမှ ရေးဖြစ်သွားတာပါ

သတိ - ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်

10pm , 6 August 2010 (Fri)
By Amaeteur®

No comments:

Post a Comment