Wednesday, August 4, 2010

ခင်ပွန်းကြီး ဆယ်ပါး ကန်တော့ခန်း

ခင်ပွန်းကြီး ဆယ်ပါး ကန်တော့ခန်း

ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓေါစ ၊ အရဟာ အဂ္ဂသာဝကာ ။
မာတာပိတု ဂုရုသတ္တာ ၊ ဓမ္မဒေသကာ စ ဒါယကာ ။
ဣမေ တေစ မဟာဂုဏေ ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။


ဘုရား တပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင်

၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တို့ ၏ အပေါ်၌ ၎င်း ၊

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေက ဗုဒ္ဓအရှင် ကိုယ်တော်မြတ်ကြီး တို့ ၏ အပေါ်၌ ၎င်း ၊

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝကာ ၊ မဟာသာဝက ရဟန္တာ အရှင် ကိုယ်တော်မြတ်ကြီး တို့ ၏ အပေါ်၌ ၎င်း ၊

၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီး တို့ ၏ အပေါ်၌ ၎င်း ၊

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌ ၎င်း ၊

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌ ၎င်း ၊

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ ၎င်း ၊

၈။ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ် တို့၏ အပေါ်၌ ၎င်း ၊

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ ကို ဟောပြောပြသဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ ၎င်း ၊

၁၀။ ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် အရိပ်တစ်နေရာ စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့ ၏ အပေါ်၌ ၎င်း ၊

ကာယကံ ၊ ဝစီကံ ၊ မနောကံ သုံးပါးသောကံတို့ ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်
ထိုအပြစ်တို့ ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား ။

ဤသို့ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ ကြောင့်
အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်
ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ 
ခံဝင်နိုင်သောကိုယ် စြဖ်ရပါစေသား အရှင်ဘုရား ။

ခင်ပွန်းကြီး ဆယ်ပါး ပြစ်မှားမိက သင့်တတ်သော ဒဏ်ဆယ်ပါး

သွေးအန်ဖြစ်လွယ် ၊ ရောင်းဝယ်ရှုံးခြင်း ၊ ချို့ ယွင်းအင်္ဂါ ၊ နူနာကုဋ္ဌ ၊ ရူးကြဖောက်ပြန် ၊
မင်းဒဏ်သင့်ခဏ်း ၊ ကြမ်းတမ်းစွပ်စွဲ ၊ သေကွဲသားချင်း ၊ ပျက်ခြင်းစည်းစိမ် ၊
နေအိမ်မီးလောင် ၊ ဒုက္ခကောင်သည် ၊ လူ့ ဘောင်ဒိဋ္ဌ ၊ တွေ့ ကြုံရ၍ ၊ သေကငရဲ ၊ ကမ္ဘာစွဲ၏ ။
ဤဒဏ်ဆယ်ပါးအပြင် မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် ကိုပင် တားနိုင်ပါသည် ။

-------------------------------------------------------------------------
တစုံတယောက် ပြောဖူးတာက အခက်အခဲ ကျော်လွှားနိုင်ပြီး နေရထိုင်ရ ကောင်း၏
တခြား တစုံတယောက် ဆီမှ တရားအလှူစာရွက်လေး တောင်းကာ
ခရီး မထွက်ခင် တစ်ရက် အလိုတွင် ကြည့်ကူး ထားခြင်း ဖြစ်ပါတယ်

1 comment:

  1. အဲဒါကို ကန်တော့ဘူးတယ် မေ့နေတာ ကြာပြီ။ ပြန်ကန်တော့ရမယ် .... ကျေးဇူးပါ ....

    ReplyDelete