Monday, September 13, 2010

Flexible Thoughts 02

သဝေထိုး ငရေ ဝဆွဲ - ငွေ

ငွေ ဟာ သက်မဲ့ ပစ္စည်း ပါ
လူသားတွေတာ အတ္တ မောဟ လောဘ တွေနဲ့ 
ငွေ ရှိရင် ဘာမဆိုဖြစ်တယ် ဆိုပြီး ဖြစ်နေတာပါ
ငွေ အတွက် ဘာမဆိုလုပ်နေကြတာပါ
အဲလိုလူတွေကြည့်ပြီး အချို့ သူတွေက
ငွေ ကို မကောင်းမြင်ကြတရ် လို့ ထင်ပါတရ်


Bill Gate နဲ့ Warren Buffett တို့ လို လူချမ်းသာတွေ
ငွေ နဲ့ ကမ္ဘာကြီးကို ဘယ်လို အကျိုးပြုနေသလဲ တော့
လူတွေ မမြင်ကြဘူး မပြောကြဘူး
လူတော်တော်များများက အဆိုးမြင်တာ များတယ်

အဖြူရောင်ပြောင်စက္ကူမှာ မှင်တစ်စက်ကျရင် 
တော်တော်များများက အမည်းရောင်မှင် ဘဲမြင်တယ်
အဖြူရောင်စာရွက်ဧရိယာကျတော့ မမြင်ဘူး
{ Pessimistic မကောင်းမြင်ဝါဒီ }
အဖြူရောင်ချည်းဘဲ မြင်ရင်လည်း မကောင်းဘူး
{ Optimistic အကောင်းမြင်ဝါဒီ }
ဘက်ပေါင်းစုံကနေ ကြည့်တတ်ရမယ်
ဒါမှ အနီးစပ်ဆုံး အမှန်တရား ရမှာ
ဒါကြောင့် Be a Realistic !!!



ငွေမရှိလို့  မတရားတာ ခံရတာမျိုး မဖြစ်ချင်ဘူး
ငွေရှာဖို့ လုပ်သင့်တာတွေချည်း လုပ်နေတာမျိုးလည်း မဖြစ်ချင်ဘူး
ငွေမရှိလို့  မိသားစု စားဝတ်နေရေး အဆင်မပြေတာ မဖြစ်ချင်ဘူး
မိန်းမယူဖို့  ငွေလိုအပ်တယ် - အဲဒါ အရေးကြီးဆုံးဘဲ :P
လုပ်ချင်တာတွေ လုပ်ဖို့  ငွေလိုအပ်တယ် - လုပ်ချင်တာက အများကြီး

ပျိုးပင်ပျိုးသလိုမျိုး အစပိုင်းမှာ ဂရုစိုက်ရတယ်
ပျိုးပင်အရွယ်မှာ ဘယ်သူမှ အရွက်ကို ပေးမခူးနဲ့ 
အပင် သေသွားနိုင်တယ်
ဒါမှမဟုတ် အစက ပြန်ပျိုးရလိမ့်မယ်
အပင်ကြီးလာမှ ခူးစားပေါ့
နောက်ကျရင်တော့ ပဒေသာပင်လို
ကြိုက်သလောက် ခူးစားလို့ ရပြီပေါ့
(Amaeteur's Concept)

ပဒေသာပင် အဆင့်မရောက်တောင်
အပင်ကြီးဘဝနဲ့ အကျိုးပြုချင်ပါတရ်

အခုတော့ ကျနော်က စပျိုးနေပြီ ...
ကပ်စေနည်းတယ်ဘဲပြောပြော ...
ကျနော့် ပိုက်ဆံကို တပြားမှ အထိမခံဘူး ...
ကန်တော့ပါသေးရဲ့ဗျာ :P
 ArrLuu® | Share with U all 

## အခုလက်ရှိ အတွေးပါ ... နောက်ကျရင် အခြားအတွေး က ပိုကောင်းသည်ဟု ထင်ပါက ပြောင်းနိုင်ပါသည် ... ဒါကြောင့် Flexible thought လို့ နာမည်ပေးထားတာပါ ##

1 comment: